Privacy Policyကိုယ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ

  • 1. ရည်ရွယ်ချက်

    အစုရှယ်ယာကုမ္ပဏီ WILL GROUPသည်။လုပ်ငန်းလုပ်ဆောင်ရာတွင်ကိုယ်ရေးအချက် အလက်၏အရေးကြီးမှုကိုထည့်သွင်းစဥ်းစား၍၊ယခုတလောကိုယ်ရေးအချက်အလက်နှင့် ပတ်သက်သောထပ်ခါတလဲလဲဖြစ်ပျက်မှုများကိုသင်ခန်းစာယူကာ၊မတော်တဆမှု၊အမှုအခင်း ကိုကာကွယ်ရန်ဝန်းကျင်စနစ်ကိုတည်ဆောက်သင့်သည့်၊အောက်ပါကိုယ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒကိုချမှတ်ပါမည်။

  • 2. အခြေခံမူဝါဒ

    ကျွန်ုပ်တို့ကုမ္ပဏီသည်၊တစ်ဦးချင်းနှင့်အဖွဲ့အစည်းကိုအပြုသဘောပြောင်းလဲမှုအေးဂျင့်အုပ်စု အဖြစ်၊「အလုပ်လုပ်」「ကစား」「သင်ယူ 」「နေထိုင်」များ၏လုပ်ငန်းနယ်ပယ်တွင်၊ စီမံခန့်ခွဲမှုများ၌ မျှော်လင့်တန်ဖိုးထားမှုမြင့်မားသောဝန်ဆောင်မှုများကိုဖန်တီးပေး၍၊ လည်းကောင်းကိုအကောင်အထည်ဖော်ရန်「ကိုယ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက် ရေး」သည် အရေးကြီးသောအချက်ဖြစ်ကြောင်းကို စွဲမြဲမှတ်ယူပြီး၊ ဤကုမ္ပဏီ၏ အားလုံး သောအရာရှိများ၊ဝန်ထမ်းများသည် ကိုယ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေး၏ အရေးကြီးမှုကိုသဘောပေါက်ကာ၊ပေးပို့လာသော 「ကိုယ်ရေးအချက်အလက်ကို」ဂရုစိုက် ကိုင်တွယ်ဆောင်ရွက်၍၊ စိတ်ချစွာဖြင့်ကျွန်ုပ်တို့၏ကုမ္ပဏီဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန် ကြိုးပမ်းပါမည်။

  • 3. ကြိုးပမ်းမှု

    ကျွန်ုပ်တို့ကုမ္ပဏီသည်၊ကိုယ်ရေးအချက်အလက်ကိုစနစ်တကျကိုင်တွယ်ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏တာဝန်ဖြစ်သည်ဟုစဥ်းစား၍အောက်ပါကြိုးပမ်းမှုကိုအကောင်အထည်ဖော်ပါမည်။

    ( 1 ) ကိုယ်ရေးအချက်အလက်ကိုရယူခြင်း၊အသုံးပြုခြင်း၊ကမ်းလှမ်းခြင်းနှင့်ပတ်သက်၍

    ကျွန်ုပ်တို့ကုမ္ပဏီသည်အသုံးပြုသည့်အားလုံးသောကိုယ်ရေးအချက်အလက်နှင်ပတ်သက်၍၊ စနစ်တကျရယူခြင်း၊အသုံးပြုခြင်း၊ကမ်းလှမ်းခြင်းကိုပြုလုပ်ပြီး၊သတ်မှတ်ထားသောအသုံးပြု မှုရည်ရွယ်ချက်အောင်မြင်ရန်လိုအပ်သောအကန့်အသတ်ထက်ကျော်လွန်၍ကိုယ်ရေးအချက် အလက်ကိုကိုင်တွယ်သုံးစွဲခြင်းမပြုပါ။ထိုအသုံးပြုမှုရည်ရွယ်ချက်ကိုကျော်လွန်သောကိုယ် ရေးအချက်အလက်ကိုကိုင်တွယ်သုံးစွဲမည်ဆိုလျှင်၊သက်ဆိုင်သောပုဂ္ဂိုလ်၏သဘောတူညီမှုကို ရယူပါမည်။

    ( 2 ) ကိုယ်ရေးအချက်အလက်နှင့်သက်ဆိုင်သောဥပဒေများ၊ညွှန်ကြားချက်များ၊စံနှုန်းများ နှင့်ပတ်သက်၍"

    ကိုယ်ရေးအချက်အလက်နှင့်သက်ဆိုင်သောဥပဒေများ၊နိုင်ငံတော်မှချမှတ်သည့်လမ်းညွှန်ချက် များ၊အခြားသောစံနှုန်းများကိုလိုက်နာပါမည်။

    ( 3 ) ကိုယ်ရေးအချက်အလက်ကိုလုံခြုံစွာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍

    ကိုယ်ရေးအချက်အလက်များကိုခွင့်ပြုချက်မရှိဘဲရယူသုံးစွဲခြင်း၊ကိုယ်ရေးအချက်အလက်များ ယိုစိမ့်ခြင်း၊ပျောက်ဆုံးခြင်း၊ဖျက်ဆီးခြင်း၊ပြောင်းလဲခြင်းစသည်တို့အတွက်၊ကြောင်းကျိုး ဆီလျော်သောကြိုတင်ကာကွယ်ရေးနှင့်မှန်ကန်သောအရေးယူမှုများပြုလုပ်ပါမည်။

    ( 4 ) ကိုယ်ရေးအချက်အလက်နှင့်ဆိုင်သောတိုင်ကြားချက်၊တိုင်ပင်ဆွေး‌နွေးချက်နှင့်ပတ် သက်၍

    ကိုယ်ရေးအချက်အလက်နှင့်ဆိုင်သောတိုင်ကြားချက်၊တိုင်ပင်ဆွေးနွေးချက်ကို၊ချက်ချင်း လုပ်ဆောင်ပါမည်။

    ( 5 ) ကိုယ်ရေးအချက်အလက်အတွက်ကြိုးပမ်းမှု(ကိုယ်ရေးအချက်အလက်ကာကွယ် စောင့်ရှောက်ရေးစီမံခန့်ခွဲမှုစနစ်)နှင့်ပတ်သက်၍

    ကိုယ်ရေးအချက်အလက်များကိုစနစ်တကျကိုင်တွယ်နိုင်ရန်၊ကြိုးပမ်းအားထုတ်မှုများကို စဥ်ဆက်မပြတ်ပြန်လည်သုံးသပ်စစ်ဆေးသွားမည်ဖြစ်ပါသည်။

    ( 6 ) ကမ်းလှမ်းလာသည့်ကိုယ်ရေးအချက်အလက်နှင့်ပတ်သက်၍

    ပိုမိုမြင့်မားသောတန်ဖိုးမြင့်ဝန်ဆောင်မှုများကိုပေးနိုင်ရန်၊သတ်မှတ်ထားသောအသုံးပြုမှု အတွက်သာ၊ကျွန်ုပ်တို့၏ကုမ္ပဏီအုပ်စုအတွင်း၌ကိုယ်ရေးအချက်အလက်ကိုအတူတကွသုံးစွဲ ပါမည်။ထို့ပြင်၊ကုမ္ပဏီအုပ်စုအတွင်း၌လည်းကိုယ်ရေးအချက်အလက်ကိုရည်ရွယ်ချက်ထက် ကျော်လွန်၍သုံးစွဲမည်မဟုတ်ပါ။

ပြဌာန်းသည့်ရက်စွဲ - Heisei 18နှစ်၊ ဧပြီလ၊1ရက်(2006-4-1)
ပြင်ဆင်သည့်ရက်စွဲ- Hiesei 29နှစ်၊ ဇူလိုင်လ၊ 1ရက်(2017-7-1)
အစုရှယ်ယာကုမ္ပဏီ Will Group
Chairman & CEO: Ryosuke Ikeda